Home

Wednesday, June 10, 2015

အသိကန်းမျက်ရည်

သံယောဇဉ် ပန်းအခူးမှာလ
ပြန်ပြောလျင် အလွမ်းစူးမှာကြောင့်
ပန်းမခူးပဲ နေချင်သည်……။

လိုချင်တာမရခဲ့သော်လည်း
မလိုချင်တာ အလှနွဲ့တာကြောင့်
ဘဝ ရဲ့ အလိုပဲ နေလျင်ကြည်……။

ဒုက္ခ၏ ဝေဒနာဆီ
မဖွေရှာမီ အသိကန်း……။

အမှီအလှမ်းဝေးသော်လည်း
ပန်းချီအလွမ်းတေးကိုလ
မှန်းဆွေးကာ တမ်းတပါလို့
မနမ်းရ နွမ်းရစိတ်ကြောင့်
အလွမ်းမလှ ခန်းရမျက်ရည်ဝေတယ်ကွယ်
အကန်းတွေနှင့်လှမ်း……။

အရှင်သစ္စာဓမ္မ